ဆောင်းတွင်းမှာ တောင်တက်ဖို့ အသင့်တော်ဆုံးတောင် ဒယ်မိုတောင်
페이지 정보
작성자 모모님 댓글 0건 조회 1,999회 작성일 17-11-17 14:27본문
ရာသီဥတုကလည်း တဖြည်းဖြည်း အေးလာပြီဆိုတော့ ကိုယ်လက်လှုပ်ရှားမှုလုပ်ချင်တဲ့ သူတွေအတွက် တောင်တက်ဖို့ အသင့်တော်ဆုံး ဒယ်မိုတောင်နဲ့ မိတ်ဆက်ပေးပါရစေရှင့်~~ ဆူဆောရော့မှာ ဆင်းပြီး ထွက်ပေါက်နံပါတ်၆ကထွက်ပြီး လမ်းနည်းနည်းလျှောက်လိုက်ရင် ဒယ်မိုတောင်အ၀င်ဝကိုတွေ့ရမှာပါ~~~ ဒယ်မိုတောင်မှာ တည်သီးပင်နဲ့ ထင်းရှူးပင်အမြောက်အမြားတွေ့ရမှာပါ~~ အစမှာ ကုန်းတက်ဖြစ်ပြီး နည်းနည်းလေးတက်လိုက်ရင် ကြည်နူးစရာကောင်းတဲ့ တောင်တက်လမ်းကိုတွေ့ရမှာပါ~~ ကုန်းတက် ကုန်းဆင်းကို အကြိမ်ကြိမ်တွေ့ရမှာဖြစ်ပြီး မြေကြီးလမ်းဖြစ်တဲ့အတွက် ချောမှာကို စိတ်ပူစရာမလိုပဲ သက်တောင့်သက်သာနဲ့ တောင်တက်နိုင်မှာပါ~~ တောင်ထိပ်ရောက်ခါနီးရင်တော့ ကုန်းတက်ကုန်းဆင်းလမ်း မရှိတော့ပဲ တောင်ရိုးလမ်းလေးကိုသာ မြင်တွေ့ရမှာပါ~~ တောင်ထိပ်ပေါ်မှာ ရှုခင်းကြည့်လို့ရတဲ့မျှော်စင်ရှိလို့ ကိုရီးယားတောင်ပိုင်းဒေသအလှကို အဝေးကနေ လှမ်းမြင်နိုင်မှာပါ~~ အမြင့်ပေကလည်း ၂၉၃မီတာပဲရှိလို့ အရမ်းကြီးမမြင့်ပဲ တောတောင်အလှကို ခံစားချင်တဲ့ သူတွေအတွက် တစ်ခေါက်လောက်ပဲဖြစ်ဖြစ် သွားကြည့်သင့်တဲ့ တောင်လေးပါ~~
ေေေေေေ နေရာကတော့ - ဆိုးလ်မြို့ ဂန်းနမ်ပြည်နယ် ဂယ်ဖိုရပ်ကွက်မှာရှိပါတယ်~~
ေေေေေေ နေရာကတော့ - ဆိုးလ်မြို့ ဂန်းနမ်ပြည်နယ် ဂယ်ဖိုရပ်ကွက်မှာရှိပါတယ်~~
댓글목록
등록된 댓글이 없습니다.