ပယ်ပယ်ရိုနေ
페이지 정보
작성자 모모님 댓글 0건 조회 1,775회 작성일 17-11-10 16:30본문
မနက်ဖြန်၁၁လပိုင်း၁၁ရက်နေ့ဟာဆိုရင်ဖြင့် ကိုရီးယားနိုင်ငံရဲ့လူသိများလှတဲ့ ပယ်ပယ်ရိုနေ့ပါ~~
ပယ်ပယ်ရိုနေ့ ဖြစ်ပေါလာပုံနဲ့ဘယ်လိုအဓိပါယ်ရှိလဲဆိုတာကို ရွှေမြန်မာတို့အတွက် ဗဟုသုတရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်~~ ပယ်ပယ်ရိုနေ့ဆိုတာ သူငယ်ချင်းတွေ ချစ်သူတွေ အချင်းချင်း ပယ်ပယ်ရိုချောကလက်ချောင်း အပြန်အလှန်ပေးကြတယ်ဆိုတဲ့ ၁၁လပိုင်း၁၁ရက်နေ့ကို ရည်ညွှန်းတဲ့ စကားပါ~~ ပယ်ပယ်ရိုနေ့ဆိုတာ အဂလိပ် ၁ကဏန်းနဲ့တူတဲ့ သေးသွယ်ပြီး ရှည်လျတဲ့ ပယ်ပယ်ရိုချောကလက်ချောင်;လို သွယ်လျပါစေဆိုတဲ့အဓိပါယ်နဲ့ သူငယ်ချင်းအချင်းချင်း ပယ်ပယ်ရိုချောကလက်ချောင်း အပြန်အလှန်ပေးတဲ့နေ့ကနေ ပေါပေါက်လာတာပါ~~
ပယ်ပယ်ရိုနေ့နဲ့ပတ်သက်ပြီး နောက်ပိုင်းသွယ်လျလာနိုင်တယ်ဆိုတဲ့ ပြီးပြည့်စုံတဲ့အကျိုးရလဒ်ကို ရရှိဖို့အတွက် ၁၁လပိုင်း၁၁ရက်၁၁နာရီ၁၁မိနစ်၁၁စကန့်မှာ စားပေးရမယ်ဆိုတဲ့ စနောက်တဲ့သဘောအဆိုလည်းရှိပါတယ်~~
တစ်ဖက်မှာလည်း ကိုရီးယားနိုင်ငံရဲ့စိုက်ပျိုးရေးနဲ့ ကျေးလက်တောရွာရဲ့အဖိုးတန်ပုံကို ပြည်သူတွေကိုအသိပေးပြီး တောင်သူလယ်သမားတွေရဲ့ဂုဏ်သိကာကို မြှင့်တင်လိုတဲ့ရည်ရွယ်ချက်ကြောင့် ၁၁လပိုင်း၁၁ရက်နေ့ကို ၁၉၉၆ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ တရားဝင်အထိမ်းအမှတ်နေ့တစ်ဖြစ်လည်း တောင်သူလယ်သမားနေ့ဆိုပြီးတော့လည်းခေါကြတယ်~~တောင်သူလယ်သမားနေ့ဆိုတာ လယ်သမားတွေဟာ မြေကြီးကိုအဖော်လုပ် မြေကြီးနဲ့ပဲအသက်ရှင်ပြီး မြေကြီးနဲ့ပဲသေဆုံးကြတယ်ဆိုတဲ့ ရိုးရာစိုက်ပျိုးရေး ဒဿနိကအမြင်ကိုအခြေခံပြီး ရွှံ့နဲ့မြေကြီး ထပ်တူကျတဲ့ ၁၁လပိုင်း၁၁ရက်နေ့ကို တရားဝင်ခွင့်ပြုခဲ့တယ်~~
၂၀၀၆ခုနှစ်ကစပြီး စိုက်ပျိုးရေးနဲ့စားသောက်ကုန်ဝန်ကြီးဌါနက တောင်သူလယ်သမားနေ့ကိုကြေညာဖို့အတွက် ကိုရီးယားလူမျိုးတွေရဲ့အဓိကအစားအစာဖြစ်တဲ့ ဆန်နဲ့လုပ်တဲ့ ဆန်မုန့်ချောင်းတွေဝေတဲ့ ဆန်မုန့်ချောင်းပွဲတော်ကို ကျင်းပလာကြတယ်~~

- 이전글ဂွန်းဒယ်အစ်ဂူရော့နားက မာလာဟင်းဆိုင် 17.11.12
- 다음글ဟာနေးလ်ဂုံဝန်း သို့မဟုတ် ကောင်းကင်ပန်းခြံ 17.11.10
댓글목록
등록된 댓글이 없습니다.