ဂွန်းဒယ်အစ်ဂူရော့နားက မာလာဟင်းဆိုင်
페이지 정보
작성자 모모님 댓글 0건 조회 1,867회 작성일 17-11-12 16:00본문
ကိုရီးယားမှာ မာလာဟင်းကောင်းကောင်းဆိုင်မရှိဘူးဆိုလို့ ဒီရက်ပိုင်းသွားစားခဲ့တဲ့ ဂွန်းဒယ်အစ်ဂူရော့နားက မာလာဟင်းလေး အရမ်းစားကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်~~ ဆိုင်နာမည်လေးကတော့ ကွန်ဖူးဂွန်းဒယ်ဆိုင်ပါ~~ ဂွန်းဒယ်အစ်ဂူရော့ ထွက်ပေါက်နံပါတ်၆နားမှာရှိပြီး ဆိုင်လေးက အရမ်းကြီးတော့မကြီးပေမယ့် လတ်ဆတ်တဲ့အသီးအရွက်သားငါးတွေနဲ့ချက်ထားတဲ့ မာလာဟင်းကတော့ အရသာရှိလို့ လူအများကြီးရဲ့အချစ်တွေရနေတဲ့ နေရာလို့ပြောကြပါတယ်~~ တစ်ဖက်မှာအသီးအရွက်နဲ့သားငါးတွေထားထားတဲ့ စင်လေးရှိပြီး အဲဒီထဲကမှ ကိုယ်စားချင်တဲ့ အမည်တွေထည့်ပြီး ပိုက်ဆံရှင်းပြီးတာနဲ့ သွားနိုင်ပါတယ်~~ သိုးသားနဲ့အမဲသားကတော့ အလိုရှိသလောက်ထပ်ထည့်လို့ရပါတယ်~~ ဂရမ်အရေအတွက်လိုက် ကျသလောက်ရှင်းပြီး ကိုယ်စားလိုတဲ့အရသာရွေးပြီးရင် အော်ဒါမှာတဲ့လုပ်ငန်းစဥ် ပြီးဆုံးပါပြီ~~ အော်ဒါမှာတဲ့ပုံစံအသစ်ဆိုပေမယ့် တကယ်တော့မခက်ခဲလှပါဘူး~~ အသီးအရွက်နဲ့သားငါးတွေထားထားတဲ့ စင်လေးမှာ အသီးအရွက်ကအစ ခေါက်ဆွဲနဲ့ ပင်လယ်စာ မှို ဝက်သားပြား ပဲပြား ကြာစွယ်အစရှိတဲ့ အမျိုးအမည်ပေါင်းလေးဆယ်ကျော်ပြင်ဆင်ထားပါတယ်~~ ဒီဆိုင်လေးရဲ့မာလာဟင်း နာမည်ကြီးရတဲ့အကြောင်းက ကိုယ်စားချင်တဲ့အမည်တွေရွေးစားလို့ရတယ်ဆိုတဲ့အချက်ပါပဲ~~ ပြင်ဆင်ချက်ပြုတ်ချိန်ကလည်း အရမ်းမြန်ပြီး မှာပြီးနေရာမှာ၅မိနစ်လောက်ထိုင်စောင့်ပြီးတာနဲ့ သုံးဆောင်နိုင်မှာပါ~~ မာလာဟင်းရည်တစ်ဇွန်းခက်သောက်လိုက်ရုံနဲ့ ပူထူသွားလောက်အောင်စပ်လို့ အစပ်ကြိုက်တဲ့သူတွေအတွက်ကိစမရှိပေမယ့် အစပ်ကြောက်တဲ့သူတွေကတော့ မှာတဲ့အချိန်ကတည်းက သေချာမှာသင့်ပါတယ်~~
댓글목록
등록된 댓글이 없습니다.