ဂွန်းဒယ်အစ်ဂူရော့နားက မာလာဟင်းဆိုင် > 미얀마(Myanmar)

본문 바로가기
사이트 내 전체검색
> 미얀마(Myanmar)

미얀마(Myanmar)

ဂွန်းဒယ်အစ်ဂူရော့နားက မာလာဟင်းဆိုင်

페이지 정보

작성자 모모님 댓글 0건 조회 1,851회 작성일 17-11-12 16:00

본문

ကိုရီးယားမှာ မာလာဟင်းကောင်းကောင်းဆိုင်မရှိဘူးဆိုလို့ ဒီရက်ပိုင်းသွားစားခဲ့တဲ့ ဂွန်းဒယ်အစ်ဂူရော့နားက မာလာဟင်းလေး အရမ်းစားကောင်းလို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်~~ ဆိုင်နာမည်လေးကတော့ ကွန်ဖူးဂွန်းဒယ်ဆိုင်ပါ~~ ဂွန်းဒယ်အစ်ဂူရော့ ထွက်ပေါက်နံပါတ်၆နားမှာရှိပြီး ဆိုင်လေးက အရမ်းကြီးတော့မကြီးပေမယ့် လတ်ဆတ်တဲ့အသီးအရွက်သားငါးတွေနဲ့ချက်ထားတဲ့ မာလာဟင်းကတော့ အရသာရှိလို့ လူအများကြီးရဲ့အချစ်တွေရနေတဲ့ နေရာလို့ပြောကြပါတယ်~~ တစ်ဖက်မှာအသီးအရွက်နဲ့သားငါးတွေထားထားတဲ့ စင်လေးရှိပြီး အဲဒီထဲကမှ ကိုယ်စားချင်တဲ့ အမည်တွေထည့်ပြီး ပိုက်ဆံရှင်းပြီးတာနဲ့ သွားနိုင်ပါတယ်~~ သိုးသားနဲ့အမဲသားကတော့ အလိုရှိသလောက်ထပ်ထည့်လို့ရပါတယ်~~  ဂရမ်အရေအတွက်လိုက် ကျသလောက်ရှင်းပြီး ကိုယ်စားလိုတဲ့အရသာရွေးပြီးရင် အော်ဒါမှာတဲ့လုပ်ငန်းစဥ် ပြီးဆုံးပါပြီ~~  အော်ဒါမှာတဲ့ပုံစံအသစ်ဆိုပေမယ့် တကယ်တော့မခက်ခဲလှပါဘူး~~ အသီးအရွက်နဲ့သားငါးတွေထားထားတဲ့ စင်လေးမှာ အသီးအရွက်ကအစ ခေါက်ဆွဲနဲ့ ပင်လယ်စာ မှို ဝက်သားပြား ပဲပြား ကြာစွယ်အစရှိတဲ့ အမျိုးအမည်ပေါင်းလေးဆယ်ကျော်ပြင်ဆင်ထားပါတယ်~~ ဒီဆိုင်လေးရဲ့မာလာဟင်း နာမည်ကြီးရတဲ့အကြောင်းက ကိုယ်စားချင်တဲ့အမည်တွေရွေးစားလို့ရတယ်ဆိုတဲ့အချက်ပါပဲ~~  ပြင်ဆင်ချက်ပြုတ်ချိန်ကလည်း အရမ်းမြန်ပြီး မှာပြီးနေရာမှာ၅မိနစ်လောက်ထိုင်စောင့်ပြီးတာနဲ့ သုံးဆောင်နိုင်မှာပါ~~ မာလာဟင်းရည်တစ်ဇွန်းခက်သောက်လိုက်ရုံနဲ့ ပူထူသွားလောက်အောင်စပ်လို့ အစပ်ကြိုက်တဲ့သူတွေအတွက်ကိစမရှိပေမယ့် အစပ်ကြောက်တဲ့သူတွေကတော့ မှာတဲ့အချိန်ကတည်းက သေချာမှာသင့်ပါတယ်~~

댓글목록

등록된 댓글이 없습니다.


회사명 : 대림역 중앙행정사 / 주소 : 서울시 영등포구 도림로129, 304호실
센터장 : 손종하 / 전화 010-8733-5078 / 팩스 02-833-1999 / E-mail : ikingriver01@naver.com
개인정보관리책임자 손종하

Migrants' Help Line

010-8733-5078

WEEKDAY 9AM-6PM (LUNCH 12PM-1PM)
SAT HOLIDAY OFF

Copyright © 2005-2021 대림역 중앙행정사. All Rights Reserved.