ပယ်ပယ်ရိုနေ > 미얀마(Myanmar)

본문 바로가기
사이트 내 전체검색
> 미얀마(Myanmar)

미얀마(Myanmar)

ပယ်ပယ်ရိုနေ

페이지 정보

작성자 모모님 댓글 0건 조회 1,730회 작성일 17-11-10 16:30

본문

မနက်ဖြန်၁၁လပိုင်း၁၁ရက်နေ့ဟာဆိုရင်ဖြင့် ကိုရီးယားနိုင်ငံရဲ့လူသိများလှတဲ့ ပယ်ပယ်ရိုနေ့ပါ~~
ပယ်ပယ်ရိုနေ့ ဖြစ်ပေါလာပုံနဲ့ဘယ်လိုအဓိပါယ်ရှိလဲဆိုတာကို ရွှေမြန်မာတို့အတွက် ဗဟုသုတရအောင်ပြန်လည်မျှဝေပေးလိုက်ပါတယ်~~ ပယ်ပယ်ရိုနေ့ဆိုတာ သူငယ်ချင်းတွေ ချစ်သူတွေ အချင်းချင်း ပယ်ပယ်ရိုချောကလက်ချောင်း အပြန်အလှန်ပေးကြတယ်ဆိုတဲ့ ၁၁လပိုင်း၁၁ရက်နေ့ကို ရည်ညွှန်းတဲ့ စကားပါ~~ ပယ်ပယ်ရိုနေ့ဆိုတာ အဂလိပ် ၁ကဏန်းနဲ့တူတဲ့ သေးသွယ်ပြီး ရှည်လျတဲ့ ပယ်ပယ်ရိုချောကလက်ချောင်;လို သွယ်လျပါစေဆိုတဲ့အဓိပါယ်နဲ့ သူငယ်ချင်းအချင်းချင်း  ပယ်ပယ်ရိုချောကလက်ချောင်း  အပြန်အလှန်ပေးတဲ့နေ့ကနေ ပေါပေါက်လာတာပါ~~
ပယ်ပယ်ရိုနေ့နဲ့ပတ်သက်ပြီး နောက်ပိုင်းသွယ်လျလာနိုင်တယ်ဆိုတဲ့ ပြီးပြည့်စုံတဲ့အကျိုးရလဒ်ကို ရရှိဖို့အတွက် ၁၁လပိုင်း၁၁ရက်၁၁နာရီ၁၁မိနစ်၁၁စကန့်မှာ စားပေးရမယ်ဆိုတဲ့ စနောက်တဲ့သဘောအဆိုလည်းရှိပါတယ်~~
တစ်ဖက်မှာလည်း ကိုရီးယားနိုင်ငံရဲ့စိုက်ပျိုးရေးနဲ့ ကျေးလက်တောရွာရဲ့အဖိုးတန်ပုံကို ပြည်သူတွေကိုအသိပေးပြီး တောင်သူလယ်သမားတွေရဲ့ဂုဏ်သိကာကို မြှင့်တင်လိုတဲ့ရည်ရွယ်ချက်ကြောင့် ၁၁လပိုင်း၁၁ရက်နေ့ကို ၁၉၉၆ခုနှစ်မှာ ပြဌာန်းလိုက်တဲ့ တရားဝင်အထိမ်းအမှတ်နေ့တစ်ဖြစ်လည်း တောင်သူလယ်သမားနေ့ဆိုပြီးတော့လည်းခေါကြတယ်~~တောင်သူလယ်သမားနေ့ဆိုတာ လယ်သမားတွေဟာ မြေကြီးကိုအဖော်လုပ် မြေကြီးနဲ့ပဲအသက်ရှင်ပြီး  မြေကြီးနဲ့ပဲသေဆုံးကြတယ်ဆိုတဲ့ ရိုးရာစိုက်ပျိုးရေး ဒဿနိကအမြင်ကိုအခြေခံပြီး ရွှံ့နဲ့မြေကြီး ထပ်တူကျတဲ့ ၁၁လပိုင်း၁၁ရက်နေ့ကို တရားဝင်ခွင့်ပြုခဲ့တယ်~~
၂၀၀၆ခုနှစ်ကစပြီး စိုက်ပျိုးရေးနဲ့စားသောက်ကုန်ဝန်ကြီးဌါနက တောင်သူလယ်သမားနေ့ကိုကြေညာဖို့အတွက် ကိုရီးယားလူမျိုးတွေရဲ့အဓိကအစားအစာဖြစ်တဲ့ ဆန်နဲ့လုပ်တဲ့ ဆန်မုန့်ချောင်းတွေဝေတဲ့ ဆန်မုန့်ချောင်းပွဲတော်ကို ကျင်းပလာကြတယ်~~

댓글목록

등록된 댓글이 없습니다.


회사명 : 대림역 중앙행정사 / 주소 : 서울시 영등포구 도림로129, 304호실
센터장 : 손종하 / 전화 010-8733-5078 / 팩스 02-833-1999 / E-mail : ikingriver01@naver.com
개인정보관리책임자 손종하

Migrants' Help Line

010-8733-5078

WEEKDAY 9AM-6PM (LUNCH 12PM-1PM)
SAT HOLIDAY OFF

Copyright © 2005-2021 대림역 중앙행정사. All Rights Reserved.