ဟာနေးလ်ဂုံဝန်း သို့မဟုတ် ကောင်းကင်ပန်းခြံ > 미얀마(Myanmar)

본문 바로가기
사이트 내 전체검색
> 미얀마(Myanmar)

미얀마(Myanmar)

ဟာနေးလ်ဂုံဝန်း သို့မဟုတ် ကောင်းကင်ပန်းခြံ

페이지 정보

작성자 모모님 댓글 0건 조회 1,685회 작성일 17-11-10 11:20

본문

ဒီနေ့မှာတော့ ဆောင်းဦးရာသီမှာ လည်ပတ်ဖို့အကောင်းဆုံး နေရာတွေထဲမှာမှ ကောင်းကင်ပန်းခြံလို့ လူသိများကြတဲ့ ဟာနေးလ်ဂုံဝန်းအကြောင်း ပြောပြချင်ပါတယ်~~ ကောင်းကင်ပန်းခြံမှာ ၁၁လပိုင်း၇ရက်နေ့ကစပြီး ၁၆ရက်နေ့အထိ ကျူပင်ပွဲတော်ရှိတယ်ဆိုတာရော သိပြီးပြီလားရှင့်~~ ပွဲတော်ရက်အတွင်းမှာ လူတွေ အုန်းအုန်းကျက်ကျက်ပြည့်နေတာကို မြင်တွေ့နိုင်ပါတယ်ရှင်~~ ကောင်းကင်ပန်းခြံကို တက်မယ့် နည်းလမ်း(၂)ခု ရှိတယ်~~ တစ်လမ်းက လမ်းလျှောက်တက်တာနဲ့ နောက်တစ်လမ်းက ဖားပြုပ်ကားစီးပြီးတက်တာပါ~~ ဖားပြုပ်ကားကတော့ ပွဲတော်အချိန်ဆို လူအရမ်းများလို့ ၁နာရီလောက်စောင့်ရတယ်~~ လမ်းလျှောက်တက်ရင်တော့ အကြမ်းဖျင်း မိနစ် ၄၀လောက်တော့ ကြာတယ်~~ အပင်ပန်းမခံနိုင်တဲ့ သူတွေကတော့ ဖားပြုပ်ကားလေးနဲ့ တက်ကြပါလို့ အကြံပြုချင်ပါတယ်~~ ကားခက လူကြီးအသွားအပြန်ဆို ၀မ် ၃၀၀၀~~ ၃နှစ်အထက် မူလတန်းကျောင်းသားအရွယ် ကလေးတွေကတော့ ၀မ်၂၂၀၀~~ ၃နှစ်အောက်ကလေးတွေကတော့ အခမဲ့ပါရှင်~~
        ရိုမက်တစ်ဆန်တဲ့ ရှုခင်းမျိုးကြည့်ချင်တဲ့ သူတွေအတွက်ကတော့ နေ၀င်ချိန်သွားတာ အသင့်တော်ဆုံးပါပဲရှင်~~ အနီရောင်နေလုံးကြီးနဲ့ ကျူပင်ရဲ့ သဟဇာတဖြစ်မှုကတော့ စကားနဲ့ဖော်ပြလို့မရလောက်အောင်ကို အရမ်းကိုလှပပြီး ညအချိန်ဆိုလည်း မီးလုံးမီးသီးများဖြင့် အရမ်းကိုလှပတဲ့ ပန်းခြံတစ်ခုပါ~~
        ကျူပင်တွေသာမက သပွတ်သီးပင်  ဘူးသီးပင်နဲ့ မေမြို့ပန်းလို အပင်တွေကိုလည်း ကြည့်ရှုနိုင်မှာဖြစ်လို့ ကလေးတွေသာမက လူကြီးတွေပါ ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကို ကုန်ဆုံးနိုင်မယ်လို့ထင်ပါတယ်~~~ လမ်းသွယ်တွေကြားမှာ ကျူပင်လေးတွေပေါက်နေလို့ ဓါတ်ပုံရိုက်ဝါသနာပါသူတွေအတွက် ကျူပင်တွေကြားထဲဝင်ပြီး ဓါတ်ပုံရိုက်နိုင်ပါတယ်~~ ကောင်းကင်ပန်းခြံရဲ့ high lightတစ်ခုက ပန်းခြံမျှော်စင်ပါပဲရှင်~~ ပွဲတော်အချိန်ဆို လူတွေနဲ့ ပျားပန်းခတ်နေပြီး တစ်ခါ မျှော်စင်ပေါ်တက်ပြီးရင် ပြန်မဆင်းချင်ရလောက်အောင် ကျူပင်လေးတွေရဲ့အလှက ဆွဲဆောင်နေပါတယ်~~
              ကောင်းကင်ပန်းခြံကို ဘယ်လိုလာရမလဲဆိုတော့ နံပါတ်(၆)လိုင်း ရထားစီး worldcup မှတ်တိုင်မှာဆင်း  နံပါတ်၁ထွက်ပေါက်မှထွက်ပြီး worldcup ငြိမ်းချမ်းရေးပန်းခြံထဲဝင်ပြီး ကောင်းကင်ပန်းခြံနဲ့ဆက်ထားတဲ့ လမ်းကနေ သွားရင် ရပါတယ်~~ အနည်းဆုံး ၁၅မိနစ်လောက်တော့ ကြာပါမယ်~~ ဓါတ်ပုံတွေကြည့်လို့ရအောင် link လေး တင်ပေးထားပါတယ်ရှင့်~~ အပေါ်က link လေးထဲဝင်ပြီးဓါတ်ပုံများ ၀င်ရောက်ကြည့်ရှုနိုင်ပါတယ်ရှင်~~

댓글목록

등록된 댓글이 없습니다.


회사명 : 대림역 중앙행정사 / 주소 : 서울시 영등포구 도림로129, 304호실
센터장 : 손종하 / 전화 010-8733-5078 / 팩스 02-833-1999 / E-mail : ikingriver01@naver.com
개인정보관리책임자 손종하

Migrants' Help Line

010-8733-5078

WEEKDAY 9AM-6PM (LUNCH 12PM-1PM)
SAT HOLIDAY OFF

Copyright © 2005-2021 대림역 중앙행정사. All Rights Reserved.