အလုပ်ထုတ်လျော်ကြေးနဲ့ မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှု > 미얀마(Myanmar)

본문 바로가기
사이트 내 전체검색
> 미얀마(Myanmar)

미얀마(Myanmar)

အလုပ်ထုတ်လျော်ကြေးနဲ့ မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှု

페이지 정보

작성자 모모님 댓글 0건 조회 2,930회 작성일 17-12-08 15:33

본문

အလုပ်ထုတ်လျော်ကြေး
အလုပ်ထုတ်လျော်ကြေးဆိုတာ အလုပ်သမားတစ်ဦးနဲ့အထက်ရှိတဲ့ အလုပ်ရုံအားလုံးအကျုံးဝင်ပါတယ်~~ အလုပ်သမားဥပဒေပုဒ်မ၃၂အရ အလုပ်ရှင်က အလုပ်သမားကို အလုပ်ထုတ်ချင်တဲ့အခါ ၁လကြိုပြီး သတိပေးရမယ်လို့ထုတ်ပြန်ထားပါတယ်~~  အဲဒီသတိပေးလွှာမှာ သေချာပေါက်အလုပ်ထုတ်မယ့်နေ့ပါရှိရပါမယ်~~ မသေချာတဲ့ကန့်သတ်ချက်နဲ့အချက်အလက်ပါတဲ့ သတိပေးလွှာဟာ သတိပေးလွှာထဲမှာ အကျုံးမဝင်ပါဘူး~~ ပြီးတော့သတိပေးကာလအတွင်းမှာ အလုပ်သမားတစ်ယောက်ဟာ အလုပ်မထွက်ရသေးတာမို့လို့ လုပ်ခပေးဖို့နဲ့ ဆက်လက်အလုပ်လုပ်ခွင့်ကို တောင်းဆိုလို့ရပြီး အလုပ်သမားတစ်ယောက်ဟာ အလုပ်ရုံအသစ်ရှာဖို့အတွက်အလုပ်ပျက်ရင်တောင် အလုပ်ရှင်ဘက်ကလုပ်ခပေးရမှာဖြစ်ပါတယ်~~ အလုပ်ထုတ်လျော်ကြေးကာလကို တရားဝင်ထုတ်ပြန်ထားတာမျိုးမရှိပေမယ့် အလုပ်သမားဘက်ကအလုပ်ထွက်သည့်နေ့တွင် အလုပ်ရှင်ဘက်က တစ်ခါတည်းပေးချေရမှာဖြစ်ပါတယ်~~ ဒါပေမယ့် ၁လကြိုပြီး သတိပေးထားတဲ့အခြေအနေမှာဆိုရင်တော့ အလုပ်ရှင်ဘက်က အလုပ်ထုတ်လျော်ကြေးပေးဖို့မလိုပါဘူး~~ ဒါပေမယ့် သဘာဝဘေးအနရာယ်နဲ့စစ်ပွဲတို့လို ရှောင်လွှဲလို့မရတဲ့ အကြောင်းကြောင်းကြောင့် လုပ်ငန်းရှေ့ဆက်ဖို့မဖြစ်နိုင်တော့တဲ့ အခြေအနေမျိုးမှာဆို ၁လကြိုပြီး သတိမပေးလည်း အလုပ်ရှင်ဘက်က အလုပ်ထုတ်လျော်ကြေးပေးအပ်ရန်မလိုပါ~~ သို့ရာတွင် ၃လဆက်တိုက်အလုပ်မလုပ်သော နေ့စားအလုပ်သမား၊ ၂လအောက်စာချုပ်ဖြင့်အလုပ်လုပ်သောအလုပ်သမား၊ လုပ်သက်၆လမပြည့်သေးသောအလုပ်သမား၊ အလုပ်သင်ကာလအလုပ်သမားဆိုရင်တော့ အလုပ်ထုတ်လျော်ကြေးတောင်းဆိုခွင့်မရှိပါ~~

မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်ထားခြင်း
အကယ်၍အလုပ်ထုတ်လျော်ကြေးကို အလုပ်ရှင်ထံမှ တောင်းမရပါက သက်ဆိုင်ရာအလုပ်သမားရုံးထံ အလုပ်ထုတ်လျော်ကြေးတောင်းခံခြင်းထက် မတရားအလုပ်ထုတ်ခံရခြင်းအားကုစားပေးပါရန် 부당해고구제신청ခေါင်းစဥ်ဖြင့် ထွက်ဆိုချက်(진정서)နှင့်အတူ တင်ပြလျှောက်ထားနိုင်ပါတယ်~~ မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်ထားခြင်းကို အလုပ်ထုတ်ခံရတော့မယ်ဆိုတဲ့သတင်းရတဲ့နေ့ကစပြီး၃လအတွင်းလျှောက်ထားရမှာဖြစ်ပါတယ်~~ ဒေသခံနယ်မြေအလုပ်သမားရေးရာအဖွဲ့အစည်းမှအဆုံးအဖြတ်ပေးပြီးနောက် ဗဟိုအလုပ်သမားရေးရာကော်မရှင်ကို မတရားအလုပ်ထုတ်ခံရမှုကိုပြန်လည်စစ်ဆေးပေးဖို့ တောင်းခံချင်တယ်ဆိုရင် ၁၀ရက်အတွင်း တောင်းခံရမှာဖြစ်ပါတယ်~~ မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုကိုလျှောက်ထားချင်တယ်ဆိုရင်တော့ အလုပ်သမားရေးရာအဖွဲ့အစည်းကိုသွားပြီး မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်လွှာဖြည့်ပြီး တင်လိုက်ရင်ရပါပြီ~~ မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်ထားခြင်းရဲ့ နောက်တစ်ဆင့်က အလုပ်ရှင်ဆီကို မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်လွှာပေးပို့ခြင်းဖြစ်ပါတယ်~~ အဲဒီအခါမှာ မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်လွှာနဲ့ပတ်သက်ပြီး အလုပ်ရှင်ဘက်က ပြန်စာပြင်ဆင်ပြီး ပို့လာရပါမယ်~~ အဲဒါနဲ့ပတ်သက်ပြီး အလုပ်သမားဘက်က အကြောင်းပြချက်လွှာရေးပြီး မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်ထားခြင်းနဲ့ပတ်သက်ပြီး ဥပဒေနဲ့ကိုက်ညီတဲ့ အကြောင်းပြချက်ကို ရှင်းပြရမှာဖြစ်ပါတယ်~~ အဲဒီနောက်ပိုင်းအလုပ်ရှင်နဲ့အလုပ်သမားအခြေအတင်ဖြစ်ရင် နှစ်ဖက်လုံးရဲ့စာရွက်စာတမ်းတွေကို အလုပ်သမားရေးရာအဖွဲ့အစည်းရဲ့ အမှုစစ်က နှိုင်းယှဥ်ပြဇယားထဲမှာဖြည့်ပါမယ်~~ ပြီးတော့လျှောက်လွှာတင်ပြီး၂လအတွင်း မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်ထားခြင်းကို မေးမြန်းစစ်ဆေးတဲ့အစည်းအဝေးလုပ်ပြီး အစည်းအဝေးရလဒ်ကိုအတည်ပြုပါတယ်~~ ယင်းအစည်းအဝေးကို တရားခွင်မှာလိုပဲ အလုပ်ရှင်ရောအလုပ်သမားရော ၂ယောက်လုံးအစည်းအဝေးတက်ပြီး သက်သေထွက်ဆိုရတာဖြစ်ပါတယ်~~ ပုံမှန်ဆိုရင် အလုပ်သမားရေးရာအဖွဲ့အစည်းသို့ကိုယ်တိုင်သွားပြီး မတရားအလုပ်ထုတ်ခြင်းအားကုစားပေးလိုမှုလျှောက်လွှာတင်ရတယ်ဆိုပေမယ့် စာတိုက်ကနေပို့လို့လည်းရပါတယ်~~ စာတိုက်ကနေပို့မယ်ဆိုရင် အပေါကလင့်ထဲဝင်ပြီးလျှောက်လွှာကိုဒေါင်းလုပ်လုပ်ပြီး ဖောင်ဖြည့်ပြီး ဒေသခံအလုပ်သမားအဖွဲ့အစည်းကိုပို့လိုက်ရင်ရပါတယ်~~ အားလုံးပဲအဆင်ပြေကြပါစေရှင့်~~

댓글목록

등록된 댓글이 없습니다.


회사명 : 대림역 중앙행정사 / 주소 : 서울시 영등포구 도림로129, 304호실
센터장 : 손종하 / 전화 010-8733-5078 / 팩스 02-833-1999 / E-mail : ikingriver01@naver.com
개인정보관리책임자 손종하

Migrants' Help Line

010-8733-5078

WEEKDAY 9AM-6PM (LUNCH 12PM-1PM)
SAT HOLIDAY OFF

Copyright © 2005-2021 대림역 중앙행정사. All Rights Reserved.