ယွန်းချာတွက်နည်း > 미얀마(Myanmar)

본문 바로가기
사이트 내 전체검색
> 미얀마(Myanmar)

미얀마(Myanmar)

ယွန်းချာတွက်နည်း

페이지 정보

작성자 모모님 댓글 0건 조회 2,196회 작성일 17-12-03 16:57

본문

ယွန်းချာဆိုတာ အလုပ်သမားတစ်ယောက်ဟာ အလုပ်လုပ်ခဲ့တဲ့အချိန်ကာလနဲ့တူညီတဲ့ ယွန်းချာပိတ်ရက်ကို ခံစားခွင့်ရှိတယ်~~ ပုံမှန်အားဖြင့်လုပ်သက်တစ်နှစ်ပြည့်တဲ့ အလုပ်သမားတစ်ယောက်ဟာ ယွန်းချာပိတ်ရက်၁၅ရက်ခံစားခွင့်ရှိတယ်~~ အလုပ်သမားတစ်ယောက်ဟာရရှိထားတဲ့ယွန်းချာကို လစာရပိတ်ရက်အဖြစ်ခံစားခွင့်ရှိပြီး အလုပ်ထွက်ပြီးမခံစားလိုက်ရတဲ့ယွန်းချာနဲ့ပတ်သက်ပြီး ငွေသားအဖြစ်နဲ့လျော်ကြေးပြန်ခံစားခွင့်ရှိတယ်~~  တကယ်လို့အလုပ်ရှင်ဘက်ကယွန်းချာယူဖို့ပြောသော်လည်း အလုပ်သမားဘက်က အဲဒီယွန်းချာကိုမခံစားဘူးဆိုရင် ငွေသားအဖြစ်နဲ့လျော်ကြေးရမှာမဟုတ်ဘဲ အဲဒီယွန်းချာဟာ အလိုလိုပယ်ဖျက်ပြီးသားဖြစ်သွားလိမ့်မယ်~~ အလုပ်သမားစံနှုန်းဥပဒေအရ ယွန်းချာပေးတဲ့စံနှုန်းမှာ အလုပ်သမား၅ယောက်နဲ့အထက်ရှိတဲ့ ကုမဏီအပေါမှာသာ သက်ရောက်မှုရှိပြီး အလုပ်သမားလို့ပြောလိုက်တာနဲ့ လုပ်ငန်းအမျိုးအစားနဲ့မဆိုင်ဘဲ  လစာယူပြီး လုပ်ငန်းခွင်မှာ အလုပ်လုပ်နေကြတဲ့သူတွေမို့လို့ စာချုပ်ချုပ်ပြီးလုပ်တဲ့အလုပ်နဲ့ အမြဲတမ်းအလုပ်ဆိုပြီး ခွဲခြားသတ်မှတ်ထားတာမျိုးမရှိပါဘူး~~ ယွန်းချာဆိုတာ စပေါတဲ့တစ်နှစ်အတွင်းမှာအသုံးပြုရမှာဖြစ်ပြီး အသုံးမပြုနိုင်ခဲ့တဲ့ယွန်းချာနဲ့ပတ်သက်ပြီး သက်တမ်းကုန်ဆုံးချိန်ဟာ ၃နှစ်ဖြစ်ပါတယ်~~ လုပ်သက်တစ်နှစ်အောက်အလုပ်သမားဆိုရင် ၁လပြည့်လျှင်လစာရနားရက်(၁)ရက်ရမှာဖြစ်ပြီး လုပ်သက်တစ်နှစ်အထက်ရှိတဲ့အလုပ်သမားကတော့ အလုပ်ဝင်ရက်ကစပြီး ပြီးခဲ့တဲ့တစ်နှစ်အတွင်း ၈၀%အထက်အလုပ်ဆင်းထားတဲ့ အလုပ်သမားဆိုရင် လစာရခွင့်ရက်၁၅ရက်ရမှာဖြစ်ပါတယ်~~ ၈၀%အောက်အလုပ်ဆင်းထားတဲ့အလုပ်သမားဆိုရင်တော့ ၁လမှာ၁ရက်စီ လစာရနားရက်ခံစားခွင့်ရှိပါတယ်~~  ယွန်းချာငွေကတော့ (ပုံမှန်လုပ်ခ သို့မဟုတ် ပျမ်းမျှလုပ်ခ * ယွန်းချာရက်အရေအတွက်)ကိုတွက်ပြီးပေးတာပါ~~
ဥပမာ~~ ၂၀၁၂ခုနှစ်၇လပိုင်း၁ရက်နေ့ကအလုပ်ဝင်ထားတဲ့သူဆိုပါတော့
(၁)၂၀၁၂ခုနှစ်၁၂လပိုင်း၃၁ရက်နေ့ကိုစံနှုန်းထားပြီးကြည့်ရင် ၁လ၁ရက်နှုန်းနဲ့၆လစာအကျိုးခံစားခွင့်ရှိပြီး ယွန်းချာရက်(၆)ရက်ရမယ်
(၂)၂၀၁၃ခုနှစ်၆လပိုင်း၃၀ရက်နေ့ကိုစံနှုန်းထားပြီးကြည့်ရင် ၁လ၁ရက်နှုန်းနဲ့၁၂လစာအကျိုးခံစားခွင့်ရှိပြီး ယွန်းချာရက်(၁၅)ရက်ရမယ်
(၃)၂၀၁၃ခုနှစ်၁၂လပိုင်း၃၁ရက်နေ့ကိုစံနှုန်းထားပြီးကြည့်ရင် ၁လ၁ရက်နှုန်းနဲ့၁၈လစာအကျိုးခံစားခွင့်ရပြီး ယွန်းချာရက်(၁၅+၆=၂၁)ရက်ရမယ်
(၄)၂၀၁၄ခုနှစ်၄လပိုင်း၃၀ရက်နေ့ကိုစံနှုန်းထားပြီးကြည့်ရင် ၁လ၁ရက်နှုန်းနဲ့၂၂လအကျိုးခံစားခွင့်ရပြီး ယွန်းချာရက်(၁၅+၁၅=၃၀)ရက်ရမယ်
အလုပ်သမားအားလုံးအတွက် အလုပ်လုပ်ခဲ့တဲ့အချိန်နဲ့ညီမျှတဲ့ ယွန်းချာနားရက်ကို ခံစားခွင့်ပေးထားပါတယ်~~ အဲဒီယွန်းချာဟာ လုပ်သက်၁နှစ်ရှိရင် ၁နှစ်အလုပ်လုပ်ခဲ့တဲ့ တန်ရာတန်ကြေးအနေနဲ့ နောက်နှစ်ကစပြီးယွန်းချာရက်(၁၅)ရက်ရမယ်~~ တကယ်လို့အလုပ်သမားတစ်ယောက်က ယွန်းချာပိတ်ရက်မယူထားဘူးဆိုရင် အလုပ်ရှင်က တစ်နေ့စာလုပ်ခနဲ့ယွန်းချာရက်ကိုမြှောက်ပြီးပိုက်ဆံတွက်ပြီး အဲဒီအလုပ်သမားကိုပေးရမယ်~~ ကုမဏီကြီးတွေကတော့ဒါကိုလိုက်နာကြပေမယ့် တစ်ချို့ကုမဏီကတော့လုံးဝမလိုက်နာကြပါဘူး~~ ဒါပေမယ့်အလုပ်သမားဘက်က အလုပ်ထွက်တဲ့အခါကျရင် ရဲရဲဝံ့ဝံ့တောင်းဆိုဖို့လိုပါတယ်~~ ကိုယ်ရထားတဲ့ယွန်းချာအရေအတွက်အလိုက် ယွန်းချာငွေပေးဖို့တောင်းဆိုပြီး တောင်းဆိုတဲ့အချက်ကို သူဌေးဘက်ကလက်မခံဘူးဆိုရင် အလုပ်မထွက်ခင် ယွန်းချာခွင့်ရက်ယူမယ်လို့ပြောလိုက်ပါ~~ ယွန်းချာခွင့်ရက်ဆိုတာ လစာရတဲ့အတွက်ကြောင့် အလုပ်ထွက်မယ့်ရက်ကိုရွှေ့လိုက်ရင် လစာပိုရတဲ့အနေအထားလည်းရှိပါတယ်~~ ဥပမာပြောရရင် ၈လပိုင်း၁၅ရက်နေ့မှာအလုပ်ထွက်မယ့်အခြေအနေဆိုရင် လစာကို ၅၀%အပြင်ရမှာမဟုတ်ပေမယ့် မယူရသေးတဲ့ယွန်းချာခွင့်ရက်၁၅ရက်ကျန်သေးတဲ့အတွက် ၁၅ရက်နေ့ကစပြီး ယွန်းချာခွင့်ရက်၁၅ရက်ယူပြီး ၈လပိုင်းအကုန်မှ အလုပ်ထွက်တဲ့အခြေအနေမှာဆိုရင် ယွန်းချာငွေတော့မရနိုင်ပေမယ့် လစာတော့၁၀၀%အပြည့်ရနိုင်ပါတယ်~~ အလုပ်ရှင်ဘက်ကအလုပ်သမားရဲ့မသိနားမလည်မှုကို အသုံးချပြီးမသိမသာလေးနေဖို့ကြိုးစားမှာဆိုပေမယ့် ဥပဒေနဲ့ပတ်သက်တဲ့ကိစမို့လို့ အလုပ်သမားဘက်က မှန်မှန်ကန်ကန်တောင်းဆိုရင် နည်းနည်းတော့စိတ်တိုလိမ့်မယ်~~ အလုပ်သမားကိုယ်တိုင်သိထားတယ်ဆိုရင် နည်းနည်းလေး မမှန်မကန်ဆက်ဆံခံရတာကို ကြိုတင်ကာကွယ်နိုင်ပါတယ်~~ အလုပ်ထွက်တဲ့အချိန် ယွန်းချာငွေမပေးဘူးဆိုရင် နိုဒုံဘူကိုတိုင်လိုက်ပါ~~ သေချာပေါက်သူဌေးနဲ့ မျက်နှာပျက်ရမယ်ဆိုပေမယ့် ဘာပဲပြောပြောပြန်တွေ့စရာလည်းလိုတော့ဘူးလေ~~ အားလုံးပဲကိုယ့်ရပိုင်ခွင့်များရရှိနိုင်ကြပါစေရှင်~~ အထက်ပါလင့်ကနေ ယွန်းချာငွေနဲ့ပတ်သက်တဲ့ဥပမာများ ရှာဖွေနိုင်ပါတယ်~~

댓글목록

등록된 댓글이 없습니다.


회사명 : 대림역 중앙행정사 / 주소 : 서울시 영등포구 도림로129, 304호실
센터장 : 손종하 / 전화 010-8733-5078 / 팩스 02-833-1999 / E-mail : ikingriver01@naver.com
개인정보관리책임자 손종하

Migrants' Help Line

010-8733-5078

WEEKDAY 9AM-6PM (LUNCH 12PM-1PM)
SAT HOLIDAY OFF

Copyright © 2005-2021 대림역 중앙행정사. All Rights Reserved.